JPC TRADE သည် ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် လျင်မြန်စွာ တိုးတက်နေသော နိုင်ငံတကာသို့ ဂျပန်လေလံကားများတင်ပို့သော ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။
JPC TRADE မှ မြင့်မားသော ဝန်ဆာင်မှုဖြင့် ကြိုဆိုပါသည်။ JPC ၏ Auction Search Tool သည် ဂျပန်နိုင်ငံတဝန်းလုံးရှိ ကားလေံကွင်း ၁၅၀ ခန့်၏ ဆာဗာများမှ ကားများ၏ အချက်အလက်များကို စုစည်းပြသပေးထားပါသည်။
အဆင့်-၁ ။ ။ JPCTRADE.COM တွင်မှတ်ပုံတင်ပါ။ (Sign-Up)
မှတ်ပုံတင်ခြင်း (Register) ပြုလုပ်ခြင်းသည် အခမဲ့ဖြစ်ပြီး ကားလေလံ (Auction) စနစ်အတွင်း မိမိလိုချင်သောကားကို ရှာဖွေခြင်းနှင့် မိမိ၏ ကိုပိုင်စာမျက်နှာ(My Account) တွင်အခြားသော Services များကို အသုံးပြုလာနိုင်ပါမည်။
အဆင့်-၂ ။ ။ ကားလေလံစနစ် အတွင်းကားရှာဖွေခြင်း။ (Auction Search)
-
ကျွန်တော်တို့၏ Auction System သည်ဂျပန်နိုင်ငံအတွင်းမှ ကားလေလံကွင်းအားလုံး၏ အချက်အလက်များကို စုစည်းပေးထားသည့်အတွက် တစ်နေရာထဲမှာအားလုံးကို ရှာဖွေနိုင်ပါသည်။ ကျွန်တော်တို့၏စနစ်တွင်း တနင်္လာ မှ စနေ (Mon-Sat) လေလံဆွဲခြင်းပြုလုပ်နိုင်ပါသည်။
-
လေလံကွင်းတစ်ခုခြင်းစီမှာ တစ်ပတ်တစ်ကြိမ်သာ လေလံဖွင့်ပါသည်။ လေလံကွင်းများမှ လေလံတင်ကားအချက်အလက်များကို လေလံမဖွင့်မီ ၃-၄ ရက်ကြို၍တင်လေ့ရှိပြီး နေ့ခင်းဘက်အချိန်များတွင် မိနစ်တိုင်းကားအချက်အလက် အသစ်များတက်လာလေ့ရှိသည်။
-
လူကြီးမင်းအနေဖြင့်ကားလေလံ ID ပြောရုံဖြင့် ကားနှင်ပတ်သက်သောအချက်အလက်များကို ဘာသာပြန်ပေးပါမည်။
အဆင့်-၃။ ။ စပေါ်တင်ခြင်း (Sending Deposit)
ကားလေလံဈေးပြိုင်ရန်အတွက် စပေါ်ငွေ ဥပမာ-ဝယ်ယူလိုသောကား တန်ဖိုး၏ ၂၀%(ဝယ်ယူလိုသည့်ကားတန်ဖိုးပေါ်မူတည်၍ ပြောင်းလဲမှုရှိပါသည်။) တင်ပေးရပါမည်။ စပေါ်ငွေသည် လက်ရှိစာရင်း (Stock) မှဝယ်ယူရာတွင်လည်းအသုံးပြုနိုင်ပါသည်။
အဆင့်-၄။ ။ လေလံပြိုင်ခြင်း (Bidding on cars)
-
လေလံမပြိုင်မီ ကျွန်တော်တို့အနေဖြင့်ကားနှင့် ပတ်သတ်သောအချက်များကို ဘာသာပြန်ပေးခြင်းကိုပြုလုပ်ပေးပါမည်။ My Account တွင် လူကြီးမင်းအနေဖြင့်နောက်ဆုံးဈေး မည်မျှပေးမည်ကို ဆုံးဖြတ်ပြီး လေလံတင်ပါ(Bid)။ ကားနှင့်ပတ်သက်ပြီး ထပ်မံစစ်ဆေးလိုပါက လေလံပြိုင်သောနေ့တွင် စစ်ဆေးပေးပါမည်။
-
အကယ်၍ လေလံအောင်ခဲ့ပါက ကျွန်တော်တို့မှ လူကြီးမင်း၏ Personal Page တွင် ဝယ်ယူမှုစာရင်း (Pro Forma Invoice) ကို တင်ပေးပါမည်။
ငွေအပြီးပေးခြေခြင်း (Full Payment)
လေလံအောင်ပြီနောက် ကျန်ရှိနေသောကားတန်ဖိုးကို ၃-၅ ရက်အတွင်းအပြီးပေးခြေမှုကို (Telegraphic transfer) အွန်လိုင်းငွေခြေစနစ်ဖြင့် ပေးခြေရပါမည်။ ငွေလွဲမှု မှာအချိန်အနည်းငယ်ကြာတတ်ပါသည်။ ငွေအကြေရရှိပြီးမှာသာ ကားသဘောင်္တင်မည့် ကိစ္စများကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။
အဆင့်-၆။ ။ သဘောင်္တင်ခြင်း (Shipping)
ကျွန်တော်တို့အနေဖြင့်ကားပို့ရန် လိုအပ်သည့်စာရွက်စာတမ်းများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ လိုအပ်သည်များကို လူကြီးမင်းနှင့်ထပ်မံညှိနှိုင်း ဆောင်ရွက်သွားပြီး လက်ဝယ်ကားရောက်ရှိသည်အထိ ဝန်ဆောင်မှုများပေးသွားပါမည်။
အဆင့်-၁ ။ ။ Stock ID ပို့ပေးပါရန်
လက်ရှိစာရင်း (Stock)မှ စိတ်ဝင်စားသော ကားရှိပါက Stock ID Number ဖြင့် ကျွန်တော်တို့ထံသို့ ဆက်သွယ်ပေးပါ။
အဆင့်-၂ ။ ။ ကားနှင့်ပတ်သတ်သော အချက်အလက်များပေးပို့ခြင်း
ကျွန်တော်တို့အနေဖြင့် ကားနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ၊ ကုန်ကျနိုင်သော FOB တန်ဖိုး နှင့် အနီးစပ်ဆုံးသဘောင်္တင်မည့်နေ့တို့ကို ပြန်လည်အကြောင်းကြားပေးပါမည်။
အဆင့်-၃။ ။ စပေါ်တင်ခြင်း (Sending Deposit)
ပထမဦးစွာ www.jpctrade.com တွင်မှတ်ပုံတင်ခြင်း (Register) ပြုလုပ်ခြင်းပေးပါ။ မှတ်ပုံတင်ခြင်း သည် အခမဲ့ဖြစ်ပြီး လူကြီးမင်း၏ ကိုယ်ပိုင်စာမျက်နှာ (My Account) မှတဆင့် စရံငွေလွှဲခြင်း ကားဝယ်ယူခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါသည်။
အဆင့်-၄။ ။ ကားကိုသိမ်းဆည်းပေးခြင်း (Reserve the car)
ငွေပေးခြေမှုပြီးချင်ပြီးခြင်း ကျွန်တော်တို့မှ လူကြီးမင်း၏ကားကို အရောင်းစားရင်းမှ လူကြီးမင်းအတွက် သိမ်းဆည်းပေးပြီး Personal Page တွင် ဝယ်ယူမှုစာရင်း (Pro Forma Invoice) ကို တင်ပေးပါမည်။
ငွေအပြီးပေးခြေခြင်း (Full Payment)
ကျန်ရှိနေသောကားတန်ဖိုးကို ၃-၅ အတွင်းအပြီးပေးခြေမှုကို (Telegraphic transfer) အွန်လိုင်းငွေခြေစနစ်ဖြင့် ပေးခြေရပါမည်။ ငွေလွဲမှု မှာအချိန်အနည်းငယ်ကြာတတ်ပါသည်။ ငွေအကြေရရှိပြီးမှာသာ ကားသဘောင်္တင်မည့် ကိစ္စများကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။
အဆင့်-၆။ ။ သဘောင်္တင်ခြင်း (Shipping)
ကျွန်တော်တို့အနေဖြင့်ကားပို့ရန် လိုအပ်သည့်စာရွက်စာတမ်းများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ လိုအပ်သည်များကို လူကြီးမင်းနှင့်ထပ်မံညှိနှိုင်း ဆောင်ရွက်သွားပြီး လက်ဝယ်ကားရောက်ရှိသည်အထိ ဝန်ဆောင်မှုများပေးသွားပါမည်။
Announcement
Dear customers,
We will be having Golden Week holidays between April 29th and May 6th. If you ...
Dear customers,
We are going to be having holidays between December 28th and January 6th, Japa...